တစ်ခါတစ်ရံ ချစ်တာကလွဲပြီး ကျန်တာ
ဘာမှ ငါမဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေတွေရှိတယ်ချစ်သူ...
ငါပိုင်တာဆိုလို့ မင်းအပေါ်ငါထားရှိတဲ့
အချစ်၊အလွမ်း ပြီးတော့သစ္စာတရား ဒါပဲရှိတာလေ....
ဘဝက ခါးလွန်းတယ်ချစ်သူ....
ငါ့ဘက်က မင်းအပေါ် ကိစ္စတစ်ခု ပျက်ကွပ်တိုင်း...သက်ပြင်းချရုံကလွဲပြီး
ငါဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီသက်ပြင်းတွေနဲ့အတူ ငါ့အားငယ်စိတ်ကတိုးလာတယ်ချစ်သူ။မင်းဆန္ဒတွေဖြည့်
ဆည်းပေးနိုင်ဖို့ စိတ်ကူးတွေထဲမှာပဲသံသရာလည်နေ့ခဲ့တဲ့ငါဟာ
တကယ်တော့ စိတ်ကူးယဉ် သမားသက်သက်ပါ...အဲ့ဒီလိုလူကို နားလည်မူတွေနဲ့ချစ်ပေးနိုင်တဲ့မင်းကို....
ငါကျေးဇူးအရမ်းတင်တယ်ချစ်သူ...
Monday, April 13, 2015
ကျေးဇူးပါချစ်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment