"ခရေ"
"ခရေ"...မင်း ပင်မြင့်ထက်ဝေနေချိန်
ငါခေါင်းငိုက်စိုက်နေခဲ့တယ်ထင်တယ်...
"မင်း"ကို ပထမ လူအနေနဲ့ဆုံးဆည်းခွင့်
ငါမရခဲ့ဘူး....
"ခရေ"...မင်းကြွေလွင့်မှ...အချစ်ရဲ့ရနံ့ငါရ
ခဲ့တာပါ...
"ခရေ"...အားမငယ်ပါနဲ့ .....
ငါမင်းအပေါ်ထားတဲ့မြတ်နိုးမူက
အတ္တကင်းပါတယ်...မင်းပင်မြင့်ထက်မှာ
ဝေဆာနေစရာမလိုပါဘူး...အကြွေအနွမ်း
ဖြစ်နေလည်း ငါတန်ဖိုးထားမှာပါ....
ရနံ့  မွှေးပြီးအသွင်လှတဲ့"နှင်းဆီတွေ
ပေါပါတယ်..."ခရေ"..ဒါပေမယ့် ငါ အဆူးကြောက်တယ်...သူတို့က မင်းလောက်မဖြူစင်ဘူးလေ...
မင်းမြေခနေလည်းကိစ္စမရှိဘူး"ခရေ"
မင်းကို မြတ်မြတ်နိုးနိုးဒူးထောက်ကောက်ယူ
မှာ ငါ ပါ...တစ်ဘဝစာသိမ်းထားဖို့ပေါ့...
ငါမြတ်မြတ်နိုးနိုးနမ်းရိုက်မယ့် ပန်းဟာ
မာယာများတဲ့
နှင်းဆီတွေ မဟုတ်ဘူး"ခရေ".....
ငါဖြူစင်စွာငြိတွယ်ခဲ့တဲ့ တစ်ပွင့်သော...
မင်းပါ...
ချစ်သူ မင်းကငါ့ဘဝမှာတစ်ခါပဲပွင့်တဲ့
တစ်ပွင့်သောပန်းပါ.....
Monday, April 13, 2015
တစ်ဘဝစာပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment