Tuesday, April 14, 2015

စာရွက်​က​လေး...

ချစ်​သူ​ရေ ငါ့အချစ်​က စာရွက်​တိုင်းမှာ ကြိုက်​သလို
စာလုံး​ပေါင်း နိုင်​တဲ့ ​ဘောပင်​ တစ်​​ချောင်းလိုချစ်​တာမဟုတ်​ပါဘူး....
"မ"ရဲ့ နာမည်​ကို ​မောင့်​နှလုံးသားစာရွက်​မှာ ခက်​နက်​နက်​​ရေးထွင်းထားတာပါ...​နေရာလွတ်​မရှိ​အောင်​ကို​ရေး
ထွင်းထားတာ​နော်​.....အဲ့ဒီ အက္ခရာ​တွေကို ပြန်​ဖျက်
လိုက်​မယ်​ဆိုရင်​​တောင်​ နှလုံးသားမှာ ဒဏ်​ရာ အထပ်​ထပ်
နဲ့ ​သေရာပါ အမာရွတ်​ ​တွေကျန်​ခဲ့မှာ....
ချစ်​သူ မင်းက ငါ့နှလုံးသား စာရွက်​ဖြူ​ပေါ်မှာ"မှင်​"နက်​နက်​နဲ့ ​ရေးထားတဲ့ တစ်​ပုဒ်​သော ရင်​ခုန်​သံကဗျာပါ....


Monday, April 13, 2015

23.1.2015

23.1.2015. အဲ့ဒီ​နေ့ ​လေးက ​မောင့်​ဘဝမှာ အ​ပျော်​ဆုံး​နေ့ ​လေးပါ
"မ" .....
မောင်​ မ ကို တစ်​ဘဝစာရည်​ရွယ်​ထားတယ်​...♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


ကျေးဇူးပါချစ်​သူ

တစ်​ခါတစ်​ရံ ချစ်​တာကလွဲပြီး ကျန်​တာ
ဘာမှ ငါမဖြည့်​ဆည်း​ပေးနိုင်​တဲ့အ​ခြေအ​နေ​တွေရှိတယ်​ချစ်​သူ...
ငါပိုင်​တာဆိုလို့ မင်းအ​ပေါ်ငါထားရှိတဲ့
အချစ်​၊အလွမ်း ပြီး​တော့သစ္စာတရား ဒါပဲရှိတာ​လေ....
ဘဝက ခါးလွန်းတယ်​ချစ်​သူ....
ငါ့ဘက်​က မင်းအ​ပေါ် ကိစ္စတစ်​ခု ပျက်ကွပ်​တိုင်း...သက်​ပြင်းချရုံကလွဲပြီး
ငါဘာမှမတတ်​နိုင်​ခဲ့ပါဘူး။အဲ့ဒီသက်​ပြင်း​တွေနဲ့အတူ ငါ့အားငယ်​စိတ်​ကတိုးလာတယ်​ချစ်​သူ။မင်းဆန္ဒ​တွေဖြည့်
ဆည်း​ပေးနိုင်​ဖို့ စိတ်​ကူး​တွေထဲမှာပဲသံသရာလည်​​နေ့ခဲ့တဲ့ငါဟာ
တကယ်​​တော့ စိတ်​ကူးယဉ်​ သမားသက်​သက်​ပါ...အဲ့ဒီလိုလူကို နားလည်​မူ​တွေနဲ့ချစ်​​ပေးနိုင်​တဲ့မင်းကို....
ငါ​ကျေးဇူးအရမ်းတင်​တယ်​ချစ်​သူ...


တစ်​ဘဝစာပါ

         "ခ​ရေ"
"ခ​ရေ"...မင်း ပင်​မြင့်​ထက်​​ဝေ​နေချိန်
ငါ​ခေါင်းငိုက်​စိုက်​​နေခဲ့တယ်​ထင်​တယ်​...
"မင်း"ကို ပထမ လူအ​နေနဲ့ဆုံးဆည်းခွင့်
ငါမရခဲ့ဘူး....
"ခ​ရေ"...မင်း​ကြွေလွင့်​မှ...အချစ်​ရဲ့ရနံ့ငါရ
ခဲ့တာပါ...
"ခ​ရေ"...အားမငယ်​ပါနဲ့ .....
ငါမင်းအ​ပေါ်ထားတဲ့မြတ်​နိုးမူက
အတ္တကင်းပါတယ်​...မင်းပင်​မြင့်​ထက်​မှာ
ဝေဆာ​နေစရာမလိုပါဘူး...အ​ကြွေအနွမ်း
ဖြစ်​​နေလည်း ငါတန်​ဖိုးထားမှာပါ....
ရနံ့  ​မွှေးပြီးအသွင်​လှတဲ့"နှင်းဆီ​တွေ
ပေါပါတယ်​..."ခ​ရေ"..ဒါ​ပေမယ့်​ ငါ အဆူး​ကြောက်​တယ်​...သူတို့က မင်း​လောက်​မဖြူစင်​ဘူး​လေ...
မင်း​မြေခ​နေလည်းကိစ္စမရှိဘူး"ခ​ရေ"
မင်းကို မြတ်​မြတ်နိုး​​နိုးဒူး​ထောက်​​ကောက်​ယူ
မှာ ငါ ပါ...တစ်​ဘဝစာသိမ်းထားဖို့​ပေါ့...
ငါမြတ်​မြတ်​နိုးနိုးနမ်းရိုက်​မယ့်​ ပန်းဟာ
မာယာများတဲ့
နှင်းဆီ​တွေ မဟုတ်​ဘူး"ခ​ရေ".....
ငါဖြူစင်​စွာငြိတွယ်​ခဲ့တဲ့ တစ်​ပွင့်​​သော...
မင်းပါ...
ချစ်​သူ မင်းကငါ့ဘဝမှာတစ်​ခါပဲပွင့်​တဲ့
တစ်​ပွင့်​​သောပန်းပါ.....